Hello

"ဖျေံရိုဟ်ကှက် သွက်အနာဂတ် - Invest for the Future" ------ "ပွမဖျေံရိုဟ်ကှက်စပ်ကုႝပရေင်ပညာဂှ် ဒှ်တဲုဖုႝသွက်ဂကောံမှိဟ်တအ် ခိုဟ်အိုတ်မွဲရောင်။"



Sunday, February 15, 2015

ပညာတန်ခိုး ဖြင့်လင်းစေသော်

ပညာတန်ခိုး ဖြင့်လင်းစေသော်

‘’ Education is the most powerful weapon; we can use to change the world.’’ Nelson Mandela 
ပညရေးဟာ အစွမ်းထက်ဆုံးလက်နက်၊ ဒါကိုအသုံးပြုပြီး ကမ္ဘာကြီးကို ပြောင်းလဲအောင် ကျနော်တို့ လုပ်နိင်တယ် ။ ( နယ်လ်ဆင်မန် ဒဲလား )  

ပါမေက္ခဒေါက်တာထင်အောင်မေးခွန်း

‘’ အစိုးရပညာရေးဝန်ကြီး နဲ့ လွှတ်တော်အမတ် တွေကို ကျနော်တိုခုမေးခြင်တယ်။ သင်ရိုးညွန်းတန်းဆိုတာ ဘာကိုခေါ်တာပါလဲ ‘’ လို့  ပညာရေး လေးပွင့်ဆိုင် အစည်းဝေးမှာ ပါမောက္ခ ဒေါက်တာ တင်အောင် က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

ပညာရေးဝန်ကြီးရော ကြံ့ခိုင်အမတ် တွေ မဖြေ နိင်ကြဘူး လို့ သိရပါတယ်။ ဒီအခါ မှာ ဆရာကြီးက ဟာသ ဇတ်လမ်းလေး တခုကိုပြော ပြတယ်လို့ သိရတယ်။ ဇတ်လမ်းကတော့ အမေရိကန် ပညာရေးဝန်ကြီးနဲ့  ပြင်သစ် ပညာရေးဝန်ကြီးတို့  စားသောက်ဆိုင် တခုမှာ နေ့ လည် စားကြတယ်။ စားနေရင် ပြင်သစ်ပညာရေးဝန်ကြီးက လက် က လက်ပတ်နာရီကိုကြည့်လိုက်ရင် အခုဆိုရင် ကျူပ်တို့  ဆီက ကျောင်းတွေမှာ ဘာကိုသင်နေတယ်ဆို တာ အတိအကျပြောနိင်တယ်လို့  ကြွားသတဲ့။ ဒီအခါမှာ အမေရိကန် ပညာရေး ၀န်ကြီးက ကျုပ်ကတော့ မပြောနိင်ဘူး သူတို့ သင်ခြင်သလို သင်နေကြတာလို့  ဆိုတယ်။ ဆရာကြီးက ၀န်ကြီးတွေကို ပြောပြတဲ့ပုံပြင်ကတော့ဒါပါပဲ။ ၀န်ကြီးတွေနားလည်စေခြင်းအလိုငှာ ကျနော် နည်းနည်း ထပ်မံ ရှင်းလင်းတင်ပြခြင်တယ်။ ၁၉ ၆၀ မတိုင်ခင်လောက်က တကမ္ဘာလုံး က နိင်ငံတွေ တိုင် ဟာ မူလတန်းကနေ အထက် တန်းတွေအထိ သင်ရိုးညွန်းတန်းတွေနဲ့ သင်ကြတယ်။ ဒါပေမဲ့ အမေရိကန် မသင်တော့ဘူး။
အမေရိကန် တွေ တီထွင်ထားတဲ့ပညာရေးစနစ် ဟာ ဘာလဲ လို့ မေးရင် ။ ဒီမိုကရေစီပညာရေး သို့ မဟုတ် လစ်ဘရယ်အတ်ဒ် ( Liberal Arts ) ဖြစ်လာတယ်။
မူလတန်းကနေ ပါရဂူတန်းတွေအထိ ကျောင်းတိုင်းမှာ သင်ရိုးညွန်းတန်းတွေဟာ တကျောင်းနဲ့တကျောင်းလုံးဝ မတူကြ ဘူး။ကျောင်းအုပ်ချုပ်ရေး အဖွဲ့  တွေက စိတ်ကြိုက် သင်ရိုးညွန်းတန်းကိုရေးဆွဲ ပြီးသင်ကြတယ်။
၂၀၀၇ ခုနစ် စရင်းအရ အမေရိကန် မှာ စာသင်သား ၈၁.၅ သန်းရှိတယ်။ မူလတန်း ကျောင်းသားက ၃၇.၉ သန်း၊ အလယ်တန်း နဲ့ အထက်တန်း ကျောင်းသား ၂၆.၁ သန်း တက္ကသိုလ်ကောလိပ် ကျောင်းသား ၂၀.၅သန်း ရှိပါတယ်။ ကျောင်းသား ၈၅ ရာခိုင်နှုန်း ဘွဲ့ ရကြတယ်။ ၃၀ရာခိုင်နှုန်းက ဘွဲ့ လွန် နဲ့ ပါရဂူဘွဲအထိရရှိကြတယ်။ ပညာရေးအအသုံးစရိတ်က ၁.၃ ထီလီယံဒေါ်လာဖြစ်ပါတယ်။ ၂၀၁၄ ခုနစ် စစ်ရေးအသုံးစရိတ်က ၅၂၆ ဘီလီယံဒေါ်လာဖြစ်ပါတယ်။ ပညာရေးအသုံးစရိတ်က နစ်စဉ်စစ်စရိတ်ထက် ပိုသုံးနေတာကိုတွေ့ နိင်ပါတယ်။

အမေရိကန် ပညာရေးအကြောင်း ကိုအမေရိကန် ရောက်မြန်မာမိသားစုတွေထံမှာမေးမြန်းနိင်ပါတယ်။ ဒီလို တကျောင်းတဂါထာ တရွာတပုဒ်ဆန်းသင်ကြားနည်း စနစ်ကိုက အမေရိကန် ပညာရေးရဲ့ထူးခြားချက်ဖြစ်နေတယ်။
ဒီလို တကျောင်း တမျိုးသင်နေပေမဲ့ အမေရိကန် ကလေးတွေဟာ သူများနိင်ငံက ကလေးတွေထက် သာလွန် နေတာကိုတွေ့ ရတယ်။ ကလေးတွေအားလုံးရဲ့  ဖတ်စာအုပ်တွေဟာ ခင်ဗျား အဖို့ မျက်စိလှည်စရာဖြစ်တယ်။ ဖတ်စာအုပ်တွေကလဲ တမျိုးစီဖြစ်နေတယ်။ အင်္ဂလိပ်စာ၊ သချာင်္၊ သမိုင်း၊ သိပံ္ဗ စတဲ့ဘာသာရပ်အသီးသီးရဲ့ သင်ရိုးညွန်းတန်းစာအုပ်တွေဟာ တကျောင်းနဲ့တကျောင်း လုံးဝ ကို မတူကြပါဘူး။
တူညီမှု
ကျောင်းတွေ သင်ရိုးညွန်းတန်းမတူကြပေမဲ့ တူညီတာတခုတော့ရှိပါတယ်။ ဒီကျောင်းပေါင်းစုံက ဆင်းလာတဲ့ ကျောင်းသားတွေဟာ
၁။ ထူးချွန်ထက်မြက်ကြတယ်။ ၂။ ရိုးသားမှု ၃။ တာဝန် ခံမှု ၄။ မာနာထောင်လွားမှုမရှိမှု ၄။ သူတို့ နိင်ငံအပေါ်ချစ်မှု ၅။ လူကိုလူလိုမြင်နိင်မှု တွေ က ဘယ်နစ်ငံနဲ့မှမတူအောင် ကိုတူညီတဲ့အရည်အသွေးတွေဖြစ်လာတယ်။
ဒီထဲမှာ တချို့ တွေဟာ အထက်တန်း ပညာမပြီးဆုံးတာ၊ လူလေလူလွင်ဖြစ်သွားတာ တွေမရှိဘူးမဟုတ်ရှိကြပါတယ်
တချို့ သူတွေက အမေရီကန် ကျောင်းသား တွေသချာင်္ ညံတာ၊ ဂျပန်၊တရုပ်၊ အိန္ဒယ အာရှကျောင်းသားတွေသချာင်္တော်တာကိုထောက်ပြကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ မမေ့ ဖို့ တခုကတော့ သချာင်္ နဲ့ပတ်သက်လို ၊ သိပ္ဗံပညာတွေနဲ့ပတ်သက်လို့  သီအိုရီ အသစ်တွေကို ထုတ်လာတဲ့သူတွေက တော့ အမေရိကန် က ကျောင်း သားတွေ အနောက်တိုင်းသားတွေပဲဖြစ်နေသေးတယ်ဆိုတာကိုတွေ့ ရပါတယ်။ ကွန်ပြူတာခေတ်မှာလဲ အိန္ဒယတွေ ကွန်ပြူတာ တော်ကြတာကို ချီးကြူးတယ်။ ဒါပေမဲ့အိန္ဒယက တနစ်ကို ကွန်ပြူတာ ပါရဂူဘွဲ ၅၀၀ မွေးထုတ် နိင်နေချိန်မှာအမေရိကန်က တနစ်ကိုတသိန်းမွေးထုတ်နေတဲ့အတွက် ကွန်ပြူတာနည်းပညာ တွေမှာလဲ အမေရိကန် ကျောင်းတွေက ရှေ့ ကိုရောက်နေပြန်ပါတယ်။
အမေရိကန် ရောက်မြန်မာမိသားစုတွေကို ကျနော်မကြာခန လည်ပတ် တဲ့အခါမှာသူတို့ ကလေးငယ်တွေနဲ့ပြောဖြစ်ကြတယ်။ ကလေးတွေဟာရိုးသားလာတာကိုတွေ့ရတယ်။ ရန်လိုမှုတွေနည်းလာတယ်။ လူကြီးတွေလိုရင့် ကျက်နေတာကိုတွေ့ ရပါတယ်။ ကျနော်မိတ်ဆွေ ကိုမူးသာရဲ့  သမီးငယ်နစ်ဦးရဲ ၅ နစ်နဲ့ ၇ နစ် သမီးလေးတွေရဲ့ ဖြစ်ရပ်ကိုပြောပြခြင်တယ်။
တနေ့ မှာ သမီးငယ်နစ်ယောက် မိုက်ကရိုဝေ့ထဲမှာ ပီစာ ကိုနွေးနေတုံး ခလုတ်မှားနိပ်ကြတဲ့အတွက် မိုက်ကရိုဝေ့ ပျက်သွားတယ်။ အမေပြန်လာရင် ဆူတော့မှာပဲဆိုပြီး သူတို့ ညီအမ နစ်ယောက် စိုးရိမ်နေကြတယ် ။ ငိုနေကြတယ်။ ကိုမူးသာလည်း ကလေးတွေ အငို တိတ်အောင် ဆိုပြီး ကဲ မငို နေကြတဲ့ အမေပြန်လာရင် ဖေဖေလုပ်တာ ဆိုပြီး ပြောလိုက်မယ်ဆိုပြီ ချော့လိုက်တော့ အငယ်ဆုံးသမီးလေးက ‘’you are lire’’ အဖေလိမ်တာပဲလို့အော်ဟစ်တော့တယ်။ သမီးကြီးကလဲ ‘’ this is not proper way ‘’ ဒါ နည်းလမ်း မမှန်ဘူး လို့ ငြင်းသတဲ့။ ကိုမူးသာလဲ ဘာပြောရမှန်းမသိအောင်ကိုဖြစ်သွားတယ်ဆိုတယ်။ သူတို့ အမေပြန်လာတော့ သူတို့ လုပ်မိတာကို ၀ံခံကြသတဲ့။ ဒါဟာ အမေရိကန် ပညာရေးရဲ့  က သွန်သင်ချက်တွေဖြစ်ပါတယ်။ မြန်မာ ပြည်ကိုပြန်ရောက်တော့ ကလေးငယ်တွေနဲ့ စကားပြောဖြစ်ပါတယ်။ မြန်မာကလေးငယ်တွေဟာ လူကြီးအကြိုက်ကို ပြော ကြရတာ ကို ၀မ်းနည်းဖွယ်တွေ့ ရပါတယ်။
အမေရိကန် ကျောင်းတွေရဲ့ထူးခြားချက်တခုကလဲ ကလေးတွေဟာ ဘာလူမျိုး ဘာဘာသာဝင်ပဲဖြစ်ဖြစ် ဒုတိယမျိုးဆက်ကလေးတွေဟာ အမေရိကန် တွေဖြစ်သွားကြတယ်။ ကလေးတွေကိုနိင်ငံတော်က စည်းရုံးထားနိင်မှုဖြစ်တယ်။ ဒါက ဥရောပနိင်ငံတွေထက်တောင် ထူးခြားနေခြင်းဖြစ်ပါတယ်။ ကလေးတွေ၊ လူကြီးတွေ၊ ပညာရှင်တွေနဲ့ စကားပြောကြရင်သူတို့ ဟာ အမေရိကန် နိင်ငံတော်နဲ့  တသံထည်းထွက်နေကြတယ်။ ကျောင်းတွေမှာ သင်ရိုးညွန်းတန်း တကျောင်းတမျိုးသင်ပေမဲ့ တသံထည်း ထွက်နေခြင်းဟာ ထူးခြားမှုလိုဖြစ်နေတယ်။ ဘာသာလူမျိုးခွဲခြားမှုမရှိကြပဲ ဘုရားဟောသလိုပဲ လူကိုလူလိုမြင်နေကြတာက အလွန်ထူးခြားမှုဖြစ်နေပါတယ်။
ဒီလိုပညာရေးစနစ် မြန်မာ ပြည်မှာရှိခဲ့သလား လို့ မေးရင် ရှိခဲ့ပါတယ်လို့  ကျနော်ပြောချင်ပါတယ် ။ ရှေးမြန်မာမင်းများလက်ထက်က ပညာရေးဟာ ဒီထက်တောင်လွတ်လပ်မှုရှိခဲ့ကြတယ်လို့  ကျနော်ပြောချင်တယ်။ မြန်မာ ပညာရေးအစ ဘုန်းတော်ကြီးကျောင်းတွေက ဖြစ်ပါတယ်။ ရှေးယခင်က ဘုန်းတော်ကြီးကျောင်းတွေကပဲ ကလေးတွေရဲ့ ပညာရေးကို ကိုယ်နည်းကိုယ်ဟန် တာဝန်ယူထားကြတယ်။ ဘုန်းတော်ကြီးကျောင်းတွေက တကျောင်းကိုတမျိုး သင်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုကျောင်းတွေကြောင့် တောင်ဖီလာဆရာတော်၊နတ်မီးလင်းဆရာတော် တို့ ရဲ့ ကျောင်းတွေကြောင့် ရှင်မဟာရဌသာရ၊ ရှင်မဟာသီလ၀ံသ၊ နတ်ရှင်နောင်၊ ယောမင်းကြီး ဦးဘိုးလှိုင်တို့ လို ရဟန်း ပညာရှိ၊ လူပညာရှိတွေ တွေမွေးထုတ်နိင်ခဲ့ကြတာဖြစ်တယ်။
ဘုန်းတော်ကြီးကျောင်းတွေမှာ သင်ရိုးညွန်းတန်းတခုတည်းကိုသင်ကြားခဲ့ကြတာမဟုတ်ပါဘူး။ အတွက်အချက်တွေ၊ အရေးအဖတ် အပြောတွေ၊ စာရိတ္တဆိုင်ရာသင်ကြားမှုတွေကိုဘုန်းတော်ကြီးတွေက ကိုယ်ကျောင်းနဲ့ ကို်ယ် နည်းကိုယ်ဟန်နဲသင်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ဦးနုအစိုးရလက်ထက်မှာလဲ မြန်မာ ပညာေ၇းဟာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်တယ်။ မူလတန်း အထက်တန်း သင်ရိုးညွန်းတန်းက တခုတမျိုးတည်းဖြစိပေမဲ့လွတ်လပ်စွာ သင်ကြားနိင်ကြတယ်။ အလွတ်သင်ကျောင်းတွေလဲရှိခဲ့ကြတယ်။ အလွတ်သင်ကျောင်းတွေကအရည်အသွေးမြင့်ကြတယ်။ စာရေးဆရာ သော်တာဆွေဟာ အသက်ကြီးမှာအလွတ်သင်ကျောင်းတခုကနေ ပညာသင်ကြားခဲ့တယ်။ ဒီကျောင်းက တော်တော်ကောင်းပုံရတယ်။ သော်တာဆွေဟာ ချားလ်ဒစ်ကင်းရဲ့  the great expectation လိုဂန၀င် ၀ထ္တု ကြီးကို မျော်တလင့်လင် ဆိုပြီးဘာသာပြန်နိင်ခဲ့တဲ့အထိ ဖြစ်ခဲ့တာဟာ အလွတ်သင်ကျောင်းရဲ့ မှာသင်ခဲ့တဲ့ အင်္ဂလိပ်စာ ပညာရေး ကြောင့်လို့ ပြောနိင်တယ်။
မြန်မာ ပြည်မှာ တကယ်ဒီမိုကရေစီရှိခဲ့မယ်ဆိုရင် ရေနံချောင်းမြို့ သားကိုမောင်မောင်ဝမ်းဟာ အင်္ဂလိပ်စာသင်တန်းကျောင်း လေးကနေ ကလေးတွေကိုလူတော်လူမော်တွေမွေးထုတ်နိင်မှာဖြစ်ပါတယ်။
မြန်မာတွေဟာ တော်ကြတယ်။
အမေရိကန် နိင်ငံမှာ ဆူချီ အစားသောက်က ပေါ်ပြူလာဖြစ်နေတယ်။ ဆူချီစားတာဟာ လူတန်းစားတရပ်လိုဖြစ်နေတယ်။ ဆူချီ စားတဲ့သူတွေဟာ ၀င်ငွေကောင်းတဲ့သူ၊ တော်တဲ့သူ smart ဖြစ်တဲ့သူလို့  အဓိပါတယ်တောင်ထွက်နေပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျမ္မာရေးအတွက် ကောင်းတယ်။ ဆူချီဟာ ဈေးကြီးတယ်။ ဒါကြောင့် ၀င်ငွေကောင်းတဲ့သူပဲစားကြတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဂုဏ်ယူစရာကောင်းတာကတော့ အမေရိကန် တနိင်ငံလုံး ဆူချီ လောကကြီးဖြစ်လာအောင် လုပ်တဲ့အထဲမှာ မြန်မာ လူငယ်တွေပါဝင်နေခြင်းဖြစ်တယ်။ ဆူချီ စီးပွားရေးလုပ်ငန်းကြီးမှာ အများစုက ၁၉ ၈၈ခုနစ် ကြမှာ ထွက်လာကြတဲ့ မြန်မာကျောင်းသားလူငယ်မျိုးဆက်တွေဖြစ်နေခြင်းဖြစ်ပါတယ်။ ပိုင်ရှင် က ဂျပန် လူမျိုးတွေဖြစ်ပေမဲ့ ဝန်ထမ်းတွေက မြန်မာ တွေဖြစ်နေတယ်။
နောက်တခုက မြန်မာ တွေဟာ အခြေခံရိုးသားမှုရှိနေကြသေåးတယ်။ အမေရိကန် ပြည်ထောင်စုမှာ နယူးယောက်ပြည်နယ်ဟာအချမ်းသာဆုံးပြည်နယ်။ ဒီပြည်နယ်မှာနယူးယောက်ြုမို့ မက်ဟက်တန် ရပ်ကွက်က အချမ်းသာဆုံးနေရာဖြစ်တယ်။ မက်ဟက်တန်ထဲမှာအမှတ် ၅ လမ်းမှာ (Fifth Ave ) က ကမ္ဘာလှည့်တွေ ရောက်လာရင် ဒီလမ်းမှာ လမ်းလျောက်ဘူးမှ နယူးယောက်ကိုလာရကြိုးနပ်တယ်လို့ ခံယူကြတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ အမှတ် ၅ လမ်းရဲ့  ကမ္ဘာကျော် စိန်ရွှေ ရတနာ ဆိုင်တွေ ကြောင့်ဖြစ်ပါတယ်။ ဒီရတနာဆိုင်တွေမှာလဲ ၀န်ထမ်းအများစုက မြန်မာ လူငယ်တွေဖြစ်လာပါတယ်။ မြန်မာ ဆိုရင်အလုပ်ရဖို့  များနေပါတယ်။ ကျနော် တခါက မိတ်ဆွေတဦးကို ဖုံးဆက်တာ ဖုံးမှားပြီးရတနာဆိုင်ကိုရောက်သွားတယ်။ မြန်မာ သူငယ်ချင်းကိုမေးတော့ ဖုံးမှားနေကြောင်းပြောတယ်။ သူက မင်းမြန်မာလား ဆိုတော့ ဟုတ်ပါတယ် လို့ ပြောတော့ တဖက်က ဆိုင်ရှင်က Burmese very good လို့ ပြန်ပြောပါတယ်။ ဒီလိုပြော တော့ဂုဏ်ယူရပါတယ်။ ရတနာလုပ်ငန်းဆိုတာ စိတ်ချယုံကြည်မှု အများကြီးလိုအပ်တာကိုး။ ဒီစံချိန်ကိုမြန်မာတွေဆက်လက်ထိမ်းထားနိင်ကြပါစေလို့ ဆုတောင်းပါတယ်။
မြန်မာတွေဟာ တော်ကြတယ်။ထက်မြက်ကြတယ်။ မြန်မာတွေကို တုံးသွားအောင် လုပ်လိုက်တဲ့တရားခံက ဦးနေ၀င်းပဲ။ သူလက်ထက်ကနေစပြီးမြန်မာတွေကို ကြောက်တုံးတွေဖြစ်အောင်လုပ်ခဲ့တာပါ။ ကျနော် မြန်မာ ပြည်ကိုရောက်စဉ်က အစိုးရ၀န်ထမ်းတွေ နဲ့  စကားပြောခွင့်ကြုံခဲ့တယ်။ သတိပြုမိတာက သူတို့ ဟာထူးချွန်တဲ့အရည်အသွေးတွေရှိနေကြသေးခြင်းဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ပြုတ်တွေ က ၀န်ကြီးဌာန အသီးသီးမှာ နေရာ ကောင်းတွေယူထားပြီး အကြောက်တရားနဲ့  ပျက်စီးခြင်းငါးပါးတရားတွေကို ၀န်ထမ်းတွေထဲသွပ်သွင်းလိုက်တဲ့အတွက် ၀န်ထမ်းတွေဟာတော်ခြင်ရဲ့ နဲ့ကြောက်တုံးဘ၀ ကိုကျရောက်သွားရခြင်းဖြစ်ပါတယ်။
မြန်မာ ပညာရေးဟာ ဒေါက်တာ ဇာနည် ပြောသလို ဖျက်ဆီးစရာမလိုတော့အောင် ပျက်စီးသွားရလေပြီဆိုသလိုဖြစ်နေပါတယ်။ ကျနော်တို့ ပညာရေးကို ပြန်လည်တည်ဆောက်ရမယ်။
တက္ကသိုလ်ကော်လိပ်တွေဟာလွတ်လပ်တဲ့ စီမံခန့် ခွဲ မှု ရှိရမယ်။ ကျောင်းတိုင်းမှာလွတ်လပ်စွာသင်ကြားခွင့်ရှိရမယ်။ ကိုယ်ကြိုက်သလိုကိုယ်သင်ပိုင်ခွင့်ရှိရမယ်။ မိမိဝါသနာပါရာကိုသင်ယူခွင့်ရှိရမယ်။ ပညာရေးရဲ့ အနစ်သာရ က တီထွင်ကြံဆနိင်မှု ( Creativity ) စာရိတ္တကောင်းမွန် မှု ( Moral Value) တာဝန်သိမှုတွေ ( Responsibility ) လူသားဝါဒ ( Humanity) ရှိမှု ဆိုတာတွေ ရှိရမယ်။

အခု ကျောင်းသားတွေ ပညာရေးလှုပ်ရှားမှုကြီးကိုလုပ်နေကြပါပြီ။ ကြောက်တုံး ဘ၀က လွတ်မြောက်ရေးလှုပ်ရှားမှုကြီးလို့ပြောလို့ ရပါတယ်။
ဒီလှုပ်ရှားမှုကို လူတိုင်း လူတိုင်း ပါဝင်ထောက်ခံရမယ်။ ဒါဟာ သမိုင်းဝင်လှုပ်ရှားမှုကြီးဖြစ်တယ်။ ကျနော်တို့ ဟာ ကိုယ်အခွင့်အရေးဆုံးရှုံးနေတာတွေကို သည်းခံ နိင်ပါတယ်။ နိင်ငံရေးရဲ့  အပေးအယူအလျော့အတင်းတွေကိုလက်ခံနိင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သားသမီးတွေ ရဲ့ ပညာတတ်ဖြစ်ဖို့ ကတော့ တပြားသားမှ အလျော့မခံနိင်ဘူးလို့  အတိအလင်းပြောချင်ပါတယ်။ 

မိုးသီးဇွန်
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅.


Credit to: Moe Thee Zun 
Copy from his Facebook post: https://www.facebook.com/moethee.zun?fref=photo

2 comments:

5 Ways to improve your English



http://www.speakenglishtube.com/2013/04/5-ways-to-improve-your-english.html

Quotes

"I speak my own language that who I am. We teach our children our favourite language, because we want them to know who they are."

(by ... Christine Johnson, Tohono O'odham elder, American Indian Language Development Institute, June, 2002)

"If you don't breathe, there is no air. If you don't walk, there is no earth. If you don't speak, there is no word."

(Paraphrased by Yamamoto from a Navajo elder's words, PBS-TV Millennium Series Tribal Wisdom and the Modern World, hosted by David Maybury-Lewis aired on May 24,1992)
"ဖျေံရိုဟ်ကှက် သွက်အနာဂတ်"
------ "Invest for the Future" ------
"ပွမဖျေံရိုဟ်ကှက်စပ်ကုႝပရေင်ပညာဂှ် ဒှ်တဲုဖုႝသွက်ဂကောံမှိဟ်တအ် ခိုဟ်အိုတ်မွဲရောင်။"
"Investment in education is the best option for human society. or
Education is the best investment for human society."
by Bee Ree

Introduction to Argumentative Essay Type I

Calender