Hello
"ဖျေံရိုဟ်ကှက် သွက်အနာဂတ် - Invest for the Future" ------ "ပွမဖျေံရိုဟ်ကှက်စပ်ကုႝပရေင်ပညာဂှ် ဒှ်တဲုဖုႝသွက်ဂကောံမှိဟ်တအ် ခိုဟ်အိုတ်မွဲရောင်။"
Friday, June 20, 2014
Cover Letter ဘယ်လိုရေးရင်ကောင်းမလဲ ( အပိုင်း - ၂ ) - ဒေါက်တာအောင်မျိုး
အဲဒီတော့ကိုယ်ဖက်က အဲဒီလို ရေးပြနိုင်ဖို့ ပဲလိုတာပေါ့ ၊အချိန်တခုပေးပြီး ငါဘာအောင်မြင်မှုတွေ၊ ရလာဒ်တွေရခဲ့ သလဲဆိုတာ စတွေးရ၊စအားထုတ်ရမှာပေါ.။
ကျနော် အလုပ်ရှာတုန်းက ဒီ summary ကိုရေးတော. ၅ ရက်လောက်ကြာတယ်၊ ငါ့မှာဘာအောင်မြင်မှုတွေ ရခဲ.သလဲဆိုတာ တွေးလိုက်၊ရေးလိုက်၊ ပြင်လိုက်၊ပြန်ရေးလိုက်နဲ.ပေါ.၊ မြန်မာပြည်ကဆေးရုံ၎ခုမှာ ၁၀နှစ်ကျော်လောက်(နောက်ဆုံးရန်ကုန်ဆေးရုံကြီး၊ကင်ဆာဋ္ဌာနမှာလဲ၅ နှစ်ကျော်လောက်) အလုပ်လုပ်ခဲ.ပါရဲ.၊လူနာတွေကုလိုက်ရတာလဲ အမြောက်အမြား၊ result ရလာဒ် စဉ်းစားကြည့်တော့ စဉ်းစားရ တော်တော်ခက်တယ်၊ ဘာလို.လဲ ဆိုတော. ကျနော်တို.ဆီမှာ result ရလာဒ် တွေကို တို်င်းတာတဲ. စနစ် Metrics တွေ၊ KPI(Key Performance Indicator)တွေက မဖွံ့ ဖြိုးတော. တိတိကျကျပြောရတာမလွယ်ဘူး။ ဒီဖက်မှာတော. အလုပ်တိုင်းရဲ. Result ရလာဒ်ကိုရအောင်တိုင်းတယ်၊ တဦးချင်းရဲ.အောင်မြင်မှုတွေ ကိုဆန်းစစ်တဲ.performance appraisal ဆိုတာလဲနှစ်တိုင်းလုပ်ရတယ်။ (ဒီအကြောင်း တွေကိုနောက်မှ.. ”လူကြီးတွေဖတ်ဖို.” ဆိုပြီးရေးအုန်းမယ်)
ဒါပေမယ့်ကျနော်ပြောရဲတယ်၊အလုပ်လုပ်နေတဲ.သူတွေအားလုံးမှာအောင်မြင်တဲ့result ရလာဒ် တခုမဟုတ်၊တခု တော့ရှိတယ်၊ကျနော်တို့ စနစ်တကျတွေးမထားလို့ သာ။ဘွဲ.ရခါစ လူငယ်တွေဆိုရင်လဲ ကျောင်းတုန်းက ဘာသာရပ်တွေ မှာ၊ကျောင်းတွင်း၊ကျောင်းပြင် လုပ်ခဲ့တဲ့ activity တွေမှာအောင်မြင်မှုresult တွေရှိခဲ.လိမ်.မယ်၊ အနည်းဆုံး ၅ ရက်..တပတ်လောက်တော့တွေးကြည့် ၊ ရေးပြစရာ အောင်မြင်မှုတွေတွေ့  လာလိမ်.မယ်၊
ဒီနေရာမှာ အရေးကြီးတဲ့ အချက်၂ချက်ကို အလေးထားပြောချင်တယ်……
ပထမအချက်က ကိုယ်ကျွမ်းကျင်တဲ အလုပ် ၊ကိုယ်လဲအမှန်တကယ်စိတ်စားတဲ့  အလုပ် ကိုရှာပါ၊ (အလုပ်ရချင်ဇောနဲ့ ကိုယ်စိတ်မ၀င်စားတဲ့ အလုပ်သွားမလျှောက်န၊ဲ့ အလုပ်လုပ်ရတာလဲ မပျော်၊ရှေ့ ဆက်လဲ တက်လမ်းရှိ မှာမဟုတ်ဘူး) ပြီးတော့ ကိုယ်လျှောက်မဲ.အလုပ် နဲ့ ဆက်စပ်တဲ့  အရည်အချင်း နဲ.အောင်မြင်မှုတွေ ကို Summary မှရေး ပါ။ ဥပမာ..ကိုယ်ကကွန်ပြူတာလဲ ကောင်းကောင်းသုံးတတ်တယ်၊ ဘောလုံးကန်လဲ တော်တယ်ဆိုပါဆို.၊ကိုယ်လျှောက်မဲ. အလုပ်ကရုံးလုပ်ငန်းဖြစ်ပြီး ကွန်ပြူတာသုံးဖို့ လိုနိုင်တယ်ဆိုရင် summary မှာကွန်ပြူတာသုံးတတ်တာကောင်းကောင်း အလေးထားရေးပါ၊ ဘောလုံးကိုတော့ နောက်ရေးမဲ.other skills အခြားကျွမ်းကျင်မှုများ နေရာမှာထဲ.ပေါ.။ တကယ်လို့ ကိုယ်လျှောက်မဲ.အလုပ်က အားကစားနဲ. ပတ်သက်ရင်တော့ ဘောလုံးကန်တော်တာ summary မှာ အလေးပေးရေးပေါ့၊ဒါကြောင်. မိမိရဲ.CV ကို လျှောက်မဲ့အလုပ်နဲ့  ဆီလျှော်အောင်ရေးနိုင်ဖို့  သိပ်အရေးကြီးတယ်၊ CV ကို လျှောက်မဲ့အလုပ်နဲ ကိုက်ညီအောင် ပြုပြင်နေဖို.လိုမယ်၊CV တစောင်ရေးပြီး အလုပ်အားလုံး ကို တပုံစံထဲလိုက်လျှောက်နေလို.တော့ အလုပ်ရှင်ချက်ချင်းခန့် ချင်တဲ့ CV မျိုးဖြစ်မှာမဟုတ်ဘူး။
ဒုတိယအချက် က.. ဘွဲ.ရကာစလူငယ်တွေ(fresh graduate ) အတွက်ပါ။ ငါတို.ကအခုမှကျောင်းပြီးတာ၊ ဘာအတွေ.အကြုံမှလဲမရှိဘူး၊ အလုပ်ရဖို. မလွယ်လောက်ပါဘူး လို.စိတ်ဓါတ်မကျနဲ့ ။တချို.အလုပ်တွေ၊ အလုပ်ရှင်တွေ က fresh graduate ကို အချို့ အလုပ်တွေ (ဥပမာ..ကျွမ်းကျင်မှု သိပ်မလိုတဲ.အလုပ်တွေ) မှာခန့် ဖို.စိတ်ဝင်စားကြတယ်၊ အလုပ်သင်သဘောပေါ.၊ လစာကတော့အစမှာနဲနိုင်တယ်၊ ဒါပေမယ့်  နောက်တော့ ကြိုးစားမှုပေါ်မူတည်ပြီး ရာထူးတွေဆက်တက် သွားတာပါပဲ၊ တကယ်လဲကောင်းပါတယ်၊ အတွေ.အကြုံသိပ်မရှိသေးခင်မှာလစာလဲရ၊ပညာလဲရပေါ ။၊လွန်ခဲ.တဲ.၃နှစ်လောက် က စင်္ကာပူ MDIS Management Institute က ကျောင်းပြီးကာစ စင်္ကာပူသူလေးတယောက်ကို ကျနော်ဆီမှာ သုတေသန လက်ထောက်အဖြစ် ခန်.ဖူးတယ်၊သူကလဲတော်ပါတယ်၊ အလုပ်လဲ ကြိုး ကြိုးစားစား ရှိတော.သင်လွယ်၊တတ်လွယ်တယ်၊ အခုတော.နေရာကောင်းကောင်း၊လစာကောင်းကောင်းရနေပြီ။ ဒါကြောင်.fresh graduate တွေအားမလျှော့ နဲ့  ၊ ရိုးရိုးသားသား၊ကြိုးကြိုးစားစားသာလုပ်၊ဘာမှမအောင်မြင်စရာမရှိဘူး။
    Summary of qualification and achievement (ကိုယ်.ရဲ. အရည်အချင်းနဲ့ အာင်မြင်မှုအကျဉ်းချုပ်) အကြောင်း ကျနော် ပြောခဲ့တာတွေ ကိုပြန်ချုပ်ကြည့်ကြရအောင်။
      အဲဒီ Summary မှာအချက်၎/၅ ချက်လောက်ရေးပေးပါ၊ပထမ ၂ချက်၊၃ချက်က မိမိအလုပ်/ကျောင်း ကအရည်အချင်းနဲ. အောင်မြင်မှုတွေရေးပါ၊နောက်တချက် ကother relevant skills အခြားဆက်စပ်တဲ့ အရည်အချင်းတွေ(ဥပမာ..English,computer စသဖြင့်)၊နောက်ဆုံးအချက်က interpersonal skill လူလူချင်းဆက်ဆံရေးမှာအရေးပါတဲ.skills တွေ(ဥပမာ..organizing skill စည်းရုံးရေးကောင်း တဲ့ skillတို.၊ team work အဖွဲ့ အစည်းနဲ့ လုပ်ကိုင်တတ်တဲ့skillတို့ ပေါ)့၊အလုပ်ရှင်ဟာ အလုပ်ကအရည်အချင်းအပြင် အဲဒီလို လူမှုဆက်ဆံရေး skillကောင်းတဲ့သူတွေကိုပိုသဘောကျကြတယ်၊ဘာလို.လဲဆိုတော့ အလုပ်ဆိုတာ လူတွေနဲ့ လုပ်ရမှာမဟုတ်လား။
    ကဲ..အဲဒီတော. CVရေး ပြီဆိုရင်….
  • အမည်
  • ပညာရေး(ဘွဲ.၊ဒီဂရီ)
  • ဆက်သွယ်ဖို.လိပ်စာ(ဖုန်းနံပါတ်အပါအ၀င်)
  • summary of qualification and achievement (ကိုယ်.ရဲ.အရည်အချင်းနဲ. အောင်မြင်မှုအကျဉ်းချုပ်)ရေး ။
ပြီးရင် ရှေ့ ကရေးခဲ့ တဲ့ summary(အကျဉ်းချုပ်) ကိုအသေးစိတ် အကျယ်ရှင်းပြမဲ့...
  • Educational qualification(ပညာရေး-ဘွဲ့ ၊ဒီဂရီတို့ )၊
  • working experience(လုပ်ငန်းအတွေ့ အကြုံ)၊
  • other relevant skills(အခြားဆက်စပ်တဲ့ ကျွမ်းကျင်မှုတွေ)၊ 
  • referees (ကိုယ်ကိုထောက်ခံပေးမဲ့သူတယောက်၊၂ယောက်) ဆက်ရေးပေတော.။
(ပိုပြီး စဉ်းစားရ၊ရေးရတာလွယ်တဲ့နည်းက..ဒီအသေးစိတ်ရှင်းပြတာတွေကိုအရင်ချရေးကြည့်၊...ပြီးမှ summary(အကျဉ်းချုပ်) အတွက် ကိုယ်အလေးပေးပြောချင်တဲ့ point တွေပြန်စဉ်းစား၊ပြန်ရေး တဲ့နည်းပါပဲ။၊ရေးကြည့်ပါ၊လွယ်သွားပါလိမ့်မယ်။)
Summary ကိုတောင်တော်တော်ကြိုက်နေပြီဖြစ်တဲ့ အလုပ်ရှင်ဟာ ဒီအသေးစိတ် အချက်အလက်တွေကို စိတ်ဝင်တစားဆက်ဖတ်လိမ့် မယ်၊ မပူနဲ.၊ ဒီလိုလူမျိုးဘယ်မှာလက်လွှတ်ခံပါ့မလဲ။
(ဒီတပတ်တော့ စာတော်တော်ရှည်သွားပြီ၊ နောက်တပတ်မှ CV format ပုံစံလေးနဲ့ Cover letter အကြောင်းဆက်ရေးပေးပါမယ်…)
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..                            (အပိုင် - ၁ ဖတ်ရန်)
ဒေါက်တာအောင်မျိုး
0 comments:
Post a Comment
5 Ways to improve your English
http://www.speakenglishtube.com/2013/04/5-ways-to-improve-your-english.html
Quotes
"I speak my own language that who I am. We teach our children our favourite language, because we want them to know who they are."
(by ... Christine Johnson, Tohono O'odham elder, American Indian Language Development Institute, June, 2002)
"If you don't breathe, there is no air. If you don't walk, there is no earth. If you don't speak, there is no word."
(Paraphrased by Yamamoto from a Navajo elder's words, PBS-TV Millennium Series Tribal Wisdom and the Modern World, hosted by David Maybury-Lewis aired on May 24,1992)
"ဖျေံရိုဟ်ကှက် သွက်အနာဂတ်"
------ "Invest for the Future" ------
"ပွမဖျေံရိုဟ်ကှက်စပ်ကုႝပရေင်ပညာဂှ် ဒှ်တဲုဖုႝသွက်ဂကောံမှိဟ်တအ် ခိုဟ်အိုတ်မွဲရောင်။"
"Investment in education is the best option for human society. or
Education is the best investment for human society."
by Bee Ree
Introduction to Argumentative Essay Type I
Calender