Up to two students in Burma will each receive GBP 2,500.
The top three scholars in the East Asia region will each receive GBP 25,000.
The scholarship will go towards tuition fee of the scholars' chosen courses, to be paid directly to the institutions.
*East Asia region includes China, Hong Kong & Macau, Indonesia, Japan, Korea, Malaysia, Burma, Philippines, Singapore, Taiwan, Thailand and Vietnam
IMPORTANT DATES
Application period: 7 April 2014 - 6 June 2014Shortlisting: 9 - 13 June 2014
Interviews: 16 - 20 June 2014
Letter of offer from university received by: 27 June 2014
Results announcement: mid - end July 2014
Award Ceremony: end July - mid August 2014
TO QUALIFY FOR AN IELTS SCHOLARSHIP, YOU MUST:
- currently live in Burma
- begin undergraduate or postgraduate study outside Burma in 2014 (academic year)
- attend a higher educational institution that accepts IELTS as part of its admission requirements
- have taken your most recent IELTS test at the British Council, with a minimum band score of 6 in each of the four component parts of the test
- be able to provide an acceptance letter from the attending institution by 27 June 2014.
HOW TO APPLY?
- Take an IELTS test at a British Council authorised centre and receive your scores
- Download and complete the application form
- An original hard copy of your application should be sent to:
IELTS Scholarship
British Council
78, Kanna Road
Rangoon, Burma
- Your completed application must be received before 6 June 2014.
SELECTION CRITERIA
- Applications are initially reviewed against the British Council IELTS scholarship eligibility criteria and assessed by British Council officers
- Shortlisted candidates will be invited to attend a face-to-face video-taped interview, where you will be assessed by a panel of senior managers and external raters from the higher education and/or corporate sectors in Hong Kong.
APPLICATION DEADLINE
6 June 2014For further information, please read the FAQ.
Source: http://www.britishcouncil.org.mm/ielts-scholarship
~
ပညာသင်စရိတ်လျှောက်ပြီး ကျောင်းတက်ဖို့ စီစဉ်နေသူများအတွက် ရန်ကုန်မြို့ ဗြိတိသျှကောင်စီက စာတစောင် ထုတ်ပြန်ထားပါတယ်။
.
ဧပြီလဆန်းမှာ ထုတ်ပြန်တဲ့ ဒီစာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ဗြိတိသျှကောင်စီမှ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၁,၀၀၀ ရနိုင်သည့် IELTS Scholarship များပေးမည်
ဗြိတိသျှကောင်စီ မြန်မာနိုင်ငံမှ ကျောင်းသားများအား နိုင်ငံတကာပညာရေး အတွေ့အကြုံ ပိုမိုရရှိစေရန် ၂၀၁၄ ခုနှစ်မှ စ၍ IELTS Scholarship များ နှစ်စဉ် ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါ IELTS Scholarship မှာအမျိုးအစား နှစ်မျိုးရှိကာ ပထမတစ်မျိုးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ကျောင်းသား နှစ်ယောက်အား တစ်ဦးလျှင် စတာလင်ပေါင် ၂၅၀၀ (အမေရိကန်ဒေါ်လာ ၄,၁၀၀ ခန့်) အထိ ပေးသွားမည်ဖြစ်ပြီး
အခြားဒုတိယတစ်မျိုးမှာ အရှေ့အာရှတွင် ရှိသော ကျောင်းသား နောက်ထပ် သုံးယောက်အား တစ်ဦးလျှင် စတာလင် ပေါင် ၂၅,၀၀၀ (အမေရိကန်ဒေါ်လာ ၄၁,၀၀၀ ခန့်) စီ ပေးသွားမည် ဖြစ်ပါသည်။
Scholarship ရရှိသော ကျောင်းသားများအတွက် ၎င်းတို့တက်မည့် ကျောင်းသို့ တိုက်ရိုက် ငွေကြေးပေးသွင်း ပေးသွားမည်ဖြစ်သည်။
အရှေ့ အာရှနိုင်ငံများတွင် မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် တို့ ပါရှိပါသည်။
မြန်မာနိုင်ငံမှ IELTS Scholarship လျှောက်ထားသူများမှာ -
• မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်သူ
• မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၄ ပညာသင်နှစ်မှ စ၍ ဘွဲ့ကြို (undergraduate) နှင့် ဘွဲ့လွန် (postgraduate) ပညာသင်ကြားမည့်သူ
• IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက် တစ်ခုအနေဖြင့် လက်ခံသောတက္ကသိုလ်တွင် တက်မည့်သူ
• အနည်းဆုံး IELTS overall band score 6 ရရှိသူ
• IELTS စာမေးပွဲအား ဗြိတိသျှကောင်စီ တွင် ဖြေဆိုထားသူ
• ၂၀၁၄ ဇွန်လ ၂၇ မတိုင်မီ မိမိလျှောက်ထားသော တက္ကသိုလ်မှ ဝင်ခွင့်အထောက်အထား (acceptance letter) ကို ပြနိုင်သူ ဖြစ်ရပါမည်။
Scholarship လျှောက်လွှာ နှင့် အသေးစိတ်အချက်အလက်များအား ဗြိတိသျှကောင်စီဝက်ဗ်ဆိုက် http://www.britishcouncil.org.mm/ielts-scholarship တွင်
download ရယူနိုင်ပြီး ဖြည့်သွင်းပြီးသော လျှောက်လွှာများကို ၂၀၁၄ ဇွန်လ ၆ရက် မတိုင်မီ ပေးပို့ ပေးရမည် ဖြစ်ပါသည်။ အခြားသိလိုသည်များကို ဗြိတိသျှကောင်စီ ဝက်ဗ်ဆိုက် နှင့် Myanmar Network တွင် ကြည့်ရှုနိုင်ပါသည်။
ဗြိတိသျှကောင်စီ မြန်မာ၏ စာမေးပွဲဌာန မန်နေဂျာ ဒေါ်အိအိမွန် မှ IELTS စာမေးပွဲအား ဖြေသော သူများ တစ်နှစ်ထက် တစ်နှစ် များပြားလာကြောင်း၊ စာမေးပွဲဖြေသူ ဦးရေမှာ ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း ပိုမိုများလာကြောင်း ပြောပါသည်။
၎င်းမှ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း များပြားလာပြီး နိုင်ငံခြားတွင် ကျောင်းတက်လိုသူလည်း များပြားလာသောကြောင့် နောက်နှစ်များတွင် IELTS စာမေးပွဲ ဖြေဆိုသူ ယခုထက်ပိုများလာမည်ဟု ခန့်မှန်းထားကြောင်း၊
စာမေးပွဲဖြေဆိုရန် လိုအပ်သော အကူအညီများ၊ သတင်းအချက်အလက်များကိုလည်း ဗြိတိသျှကောင်စီမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
IELTS စာမေးပွဲအား လစဉ် ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ဖြေဆိုနိုင်ပြီး စာမေးပွဲအတွက် လိုအပ်သော စာအုပ်နှင့် ပစ္စည်းများကို ဗြိတိသျှကောင်စီ စာကြည့်တိုက်များတွင် ပြည့်စုံစွာ ရရှိနိုင်ပါသည်။
IELTS စာမေးပွဲကို ဖြေဆိုလိုသူများ (သို့မဟုတ်) IELTS စာမေးပွဲအား စိတ်ဝင်စားသူများသည် သိလိုသည်များကို www.takeielts.org တွင် ကြည့်ရှုနိုင်ပါသည်။
IELTS စာမေးပွဲဖြေဆိုမည့်သူများ နှင့် စာမေးပွဲအားလေ့ကျင့်လိုသူများအတွက် အွန်လိုင်းမှ ၁၀ နာရီစာ လေ့ကျင့်ခန်းများအား အခမဲ့ဝင်ရောက် လေ့လာနိုင်သည့်အပြင် IELTS ကို ဖြေဆိုရန် စာရင်းသွင်းပြီးပါက နာရီ ၃၀ စာ လေကျင့်ခန်းများအား အခမဲ့ရရှိပါမည်။
ပိုမိုလေ့ကျင့်လိုပါက နာရီ ၁၂၀ စာ လေ့ကျင့်ခန်းများကိုလည်း အွန်လိုင်းမှဝယ်ယူ လေ့ကျင့်နိုင်ပါသည်။
IELTS စာမေးပွဲ နှင့် ပတ်သက်၍ သိလိုသည်များကို Facebook (သို့မဟုတ်) Myanmar Network တွင် လည်းကောင်း၊ ဗြိတိသျှကောင်စီရုံးများသို့ ဖုန်းဖြင့်လည်းကောင်း၊ မိမိ ကိုယ်တိုင်လာရောက်၍ လည်းကောင်း မေးမြန်းနိုင်ပါသည်။

0 comments:
Post a Comment