Hello

"ဖျေံရိုဟ်ကှက် သွက်အနာဂတ် - Invest for the Future" ------ "ပွမဖျေံရိုဟ်ကှက်စပ်ကုႝပရေင်ပညာဂှ် ဒှ်တဲုဖုႝသွက်ဂကောံမှိဟ်တအ် ခိုဟ်အိုတ်မွဲရောင်။"



Thursday, July 10, 2014

Bullet စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

မီဒီယာ
အသံ
  • Bullet စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Bullet (ကျည်ဆံ)  စကားလုံးကို အခြေခံတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Bite the Bullet, Silver Bullet နဲ့ Sweat Bullets တို့ကို တင်ပြထားပါတယ်။
(၁) Bite the Bullet
Bite (ကိုက်ထားတာ)၊ the Bullet (ကျည်ဆံ) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကျည်ဆံကို ကိုက်ထားတာပေါ့။ ဒီအသုံးဆင်းသက်လာတာကတော့ အမေရိကန်ပြည်တွင်းစစ်အတွင်းက ဖြစ်ပါတယ်။ ထိုစဉ်က Union တပ်သားတွေနဲ့ Confederate တပ်သားတွေကြား ပစ်ကြခတ်ကြသတ်ကြဖြတ်ကြနဲ့ ဆိုတော့၊သေဆုံးဒဏ်ရာရခဲ့ကြသူတွေ အများအပြားရှိခဲ့တာဖြစ်ပါတယ်။ ဒီလောက် များပြားလှတဲ့ဒဏ်ရာရကြတဲ့သူတွေကို ခွဲစိပ်ကုသပေးဖို့က ထိုစဉ်က မေ့ဆေးထုံဆေးကလည်း အရေးပေါ်အလုံအလောက်မရှိဆိုတော့၊ ခွဲစိပ်ကုသတဲ့ ဆရာဝန်တွေအနေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကို ကျည်ဆံတစ်တောင့် ကိုက်ထားခိုင်းပြီး ၊ အနာကိုတောင့်ခံ၊ စိတ်ကိုတင်းခံစေတာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းခွဲစိပ်နေတာ ထုံဆေးမေ့ဆေး မရှိတော့ အနာကို အံကြိတ်ခံဖို့ ကျည်ဆံကို ကိုက်ခိုင်းထားတာ ဖြစ်ပါတယ်။ တခါတရံလည်း သစ်သားစကို ကိုက်ခိုင်းထားတာလည်းရှိပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်ဆင်းရဲစရာ၊ စိတ်မကောင်းစရာ ဖြစ်ပေမယ့် မလွှဲမရှောင်သာ ရင်ဆိုင်ရမှာဆိုတော့ အံကိုကြိတ်ပြီး တောင့်ခံရတဲ့သဘောကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John’s wife was ill. So, he decided to bite the bullet and worked two jobs to feed the family.
John ရဲ့  ဇနီး နေမကောင်းဘူး။ ဒါကြောင့် သူလည်း သူ့မိသားစုဝမ်းရေးဖူလုံဖို့ အံကိုခဲပြီး အလုပ်နှစ်လုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

(၂) Silver Bullet
Silver (ငွေ)၊ Bullet (ကျည်ဆံ) ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ ငွေနဲ့လုပ်ထားတဲ့ ကျည်ဆံပေါ့။ ခဲနဲ့သာမန်အားဖြင့်လုပ်တဲ့ ကျည်ဆံမဟုတ်ဘဲ၊ ငွေနဲ့လုပ်ထားတဲ့ ဒီ Silver bullet ရဲ့  နောက်ခံသမိုင်းပုံပြင်ကတော့ Werewolf ဆိုတဲ့ လူသွေးစုပ်တဲ့ မြေခွေးကြီးကို သတ်နိုင်ဖို့က ရိုးရိုးကျည်ဆံနဲ့ပစ်လို့ မသေဘူး။ ငွေနဲ့လုပ်ထားတဲ့ ကျည်ဆံနဲ့ပစ်မှ သေမယ်ဆိုတဲ့ ပုံပြင်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ နေ့စဉ်ဘ၀မှာ ပြဿနာအများအပြားရှိရာမှာ၊ တချို့ပြဿနာတွေကဖြေရှင်းလွယ်ပေမဲ့ တချို့တို့ကိုဖြေရှင်းရာမှာ ထူးခြားတဲ့နည်းတွေရှိတာဖြစ်ပါတယ်။ အဲဒီလိုဖြေရှင်းနည်းကို Silver Bullet  ရယ်လို့ရည်ညွှန်းသုံးတာဖြစ်ပ်ါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ပြဿနာကြီးတခုကို အပြီးသတ်ဖြေရှင်းပေးနိုင်မယ့်နည်းကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The world cannot find a silver bullet to solve the problem of terrorism.
အကြမ်းဖက်မှုပြဿနာကို အပြတ်ဖြေရှင်းပေးနိုင်မယ့်နည်း ကမ္ဘာကြီးအနေနှင့်ရှာမတွေ့နိုင်သေးဘူး။
(၃) Sweat bullets
Sweat (ချွေးထွက်တာ) Bullets (ကျည်ဆံ) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ချွေးထွက်တဲ့နေရာမှာ ကျည်ဆံတွေထွက်တာ ဖြစ်ပါတယ်။့ ချွေးထွက်ရာမှာ ချွေးသီးချွေးပေါက်တွေကို ကျည်ဆံအရွယ်အစားနှင့်တင်စားသုံးထားတာဖြစ်ပါတယ်။  ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ သိပ်စိတ်ပူ၊ သိပ်ကြောက်တာကို ဆိုလိုတာဖြစ်ပါတယ်။ ကျမတို့မြန်မာမှာ ကြောက်လို့၊ စိုးရိမ်လွန်လို့ ဇောချွေးပြန်တဲ့သဘောနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဘယ်လောက်စိတ်ပူတယ်၊ ဘယ်လောက်ကြောက်တယ်ဆိုတာ ချွေးသီးချွေးပေါက်တွေကျတာဟာ ကျည်ဆံတောင့်တွေလိုပဲလို့ တင်စားပြောထားတာ ဖြစ်ပါတယ်။  ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
He was sweating bullets when police raided his home last night.
ရဲက သူ့ရဲ့ အိမ်ကို မနေ့ညကဝင်စီးတော့ သူလည်း ကြောက်လိုက်တာ ဇောချွေးတွေကိုပြန်လို့။
ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Bullet စကားလုံးကိုအခြေခံတဲ့ idioms အသုံးတွေက Bite the Bullet, Silver Bullet နဲ့ Sweat Bullets တို့ ဖြစ်ကြပါတယ်။

Source: http://burmese.voanews.com/content/english-learning-bullet-idioms/1955199.html

0 comments:

Post a Comment

5 Ways to improve your English



http://www.speakenglishtube.com/2013/04/5-ways-to-improve-your-english.html

Quotes

"I speak my own language that who I am. We teach our children our favourite language, because we want them to know who they are."

(by ... Christine Johnson, Tohono O'odham elder, American Indian Language Development Institute, June, 2002)

"If you don't breathe, there is no air. If you don't walk, there is no earth. If you don't speak, there is no word."

(Paraphrased by Yamamoto from a Navajo elder's words, PBS-TV Millennium Series Tribal Wisdom and the Modern World, hosted by David Maybury-Lewis aired on May 24,1992)
"ဖျေံရိုဟ်ကှက် သွက်အနာဂတ်"
------ "Invest for the Future" ------
"ပွမဖျေံရိုဟ်ကှက်စပ်ကုႝပရေင်ပညာဂှ် ဒှ်တဲုဖုႝသွက်ဂကောံမှိဟ်တအ် ခိုဟ်အိုတ်မွဲရောင်။"
"Investment in education is the best option for human society. or
Education is the best investment for human society."
by Bee Ree

Introduction to Argumentative Essay Type I

Calender